ဒီနေ့မှာတော့ Smart Lady မှ ခြောက်သွေ့သော ဆံသားပိုင်ရှင် ပျိုမေလေးတို့အတွက် သတိပြုသင့်တဲ့ အချက်လေးတွေကို ပြောပြပေးသွားမှာပါရှင်။
- ဆံပင်ကို မကြာခဏ ကောက်လိုက်၊ ဖြောင့်လိုက်၊ ကာလာဆိုးလိုက် လုပ်တဲ့အခါ ပိုပြီး ဆံသားခြောက်တာ၊ ဆံပင်ဖွာတာ နဲ့ အဖျားနှစ်ခွ ဖြစ်တာတွေရှိလို့ အနည်းဆုံး ၆ လလောက်ခြားပြီးမှ ပြုလုပ်သင့်ပါတယ်။
- ခေါင်းလျှော်ရာမှာလည်း ကြုံရာခေါင်းလျှော်ရည်နဲ့ လျှော်တဲ့အခါ ခေါင်းလျှော်ရည်နဲ့ ဓာတ်မတည့်တာကြောင့် ဦးရေပြားခြောက်ပြီး ဗောက်ထတာမျိုးဖြစ်တတ်လို့ Dry Hair ပိုင်ရှင်တွေအတွက် ထုတ်ထားတဲ့ Shampoo၊ Moisturizing နဲ့ Hydrating ဖြစ်စေတဲ့ Shampoo မျိုးကို အသုံးပြုသင့်ပါတယ်။
- ခေါင်းလျှော်တိုင်းအမြဲ ပေါင်းဆေး အသုံးပြုဖို့ အချိန်မရရင်တောင် အနည်းဆုံး ၁ ပတ် ၁ ကြိမ်ခန့် အသုံးပြုပေးသင့်ပါတယ်။
- ရေစိုနေတဲ့ဆံပင်ကို သဘက်နဲ့ခပ်ကြမ်းကြမ်းပွတ်တိုက်ပြီး ရေသုတ်တာမျိုးကိုလည်း ရှောင်သင့်ပါတယ်။
- Dryer အသုံးပြုတဲ့အခါ ဦးရေပြားနဲ့ ဆံသားကို အရမ်းမကပ်အောင်အပေါ်ကနေ ၄၅ ဒီဂရီ လောက်စောင်းပြီး အသုံးပြုသင့်ပါတယ်။