ဆံကေသာ လေးတွေကို ထိန်းသိမ်း ဖို့ဆိုရင်တော့ ဆံကေသာ အမျိုးအစား အလိုက် ကိုယ်နဲ့ လိုက်ဖက်တဲ့ ဆံကေသာ ကုထုံးလေးတွေကို သိထား သင့်ပါတယ်နော်။
ဆံကေသာလေးတွေက အဆီပြန်နေမယ် (ဒါမှမဟုတ်) ခြောက်သွေ့ပျက်ဆီးနေမယ် ဆိုရင်တော့ ဆံကေသာအမျိုးအစား အလိုက် ထိန်းသိမ်းတဲ့ ဆေးလေးများ ကိုလည်း အသုံးပြုသင့်ပါတယ်။
သင့်ရဲ့ အဖိုးတန်လှတဲ့ ဆံကေသာလေးကို နေ့တိုင်း ခေါင်းလျှော်ဖို့တော့ မသင့်ပါဘူး။ နေ့တိုင်း လျှော်လိုက်မယ် ဆိုရင် ခေါင်းသားမှ အဆီများ ခမ်းခြောက် သွားနိုင်ပါတယ်။ အကယ်၍ သင့်ရဲ့ဆံကေသာလေး တွေဟာ အဆီပြန်တတ် တယ်ဆိုရင်တော့ Dry Shampoo လေးကိုအသုံးပြုသင့်ပါတယ်။ Shampoo လေးတွေ ဟာဆိုရင်လည်း ဦးရေပြားကျန်းမာမှု နှင့် သက်ဆိုင်နေ ပါတယ်။
ကျန်းမာလှတဲ့ ဆံကေသာလေး ကို ပိုင်ဆိုင်နိုင် ဖို့ဆိုရင်တော့ ခေါင်းလျှော်ပီးတိုင်း Conditioner လေးကို ဦးရေပြားတစ်ခုလုံး(ဒါမှမဟုတ်) ဆံပင်အုံ တစ်ခုလုံး မလိမ်းပဲ ထိပ်ဖြားလေး တင် 2မိနစ် မှ 5မိနစ်လောက် အထိ လိမ်းပေးပြီး သင့်ရဲ့ ဆံကေသာဟာ ခြောက်သွေ့ တတ်တယ် ဆိုရင်တော့ ခေါင်းမလျှော်ခင် မှာ အုန်းဆီ၊ သံလွင်ဆီ၊ ကြက်ဥအနှစ် နှင့် ထောပတ်သီး၊ ဌက်ပျောသီး နှင့် ထောပတ်သီး၊ ရှားစောင်းလက်ပတ် တို့ကို တစ်နာရီ လောက်ကြာအောင် သုတ်လိမ်းပီး မှ ခေါင်းလျှော် သင့်ပါတယ်။
ခေါင်းလျှော်တဲ့ နေရာမှာလည်း အရမ်းပူနေတဲ့ ရေဟာ ဦးရေပြားရဲ့ အဆီဓာတ်ကို ခမ်းခြောက် စေနိုင်တဲ့ အတွက် ကြက်သီးနွေးရေ(ဒါမှမဟုတ်)ရေအေးဖြင့် ဆေးကြောသင့်ပါတယ်။ ဆေးကြောပြီးပီ ဆိုရင်တော့ ရေလေးကို အဝတ်လေးနဲ့ ခြောက်အောင် သေချာသုတ်ပီး Hair Coat လေး အသာအရာလေး သုတ်လိမ်းပေးသင့်ပါတယ်။
ဒီလိုမဟုတ်ပဲ ချစ်ညီမလေး၊ ချစ်မမ တို့ရဲ့ ဆံကေသာလေးအတွက် အချိန်လေး မပေးနိုင်တဲ့ သူတို့ အတွက်လည်း ဆံကေသာ နဲ့ ပတ်သတ်သမျှကို ဆွေးနွေးတိုင်ပင်ပြီး လာရောက် လုပ်ဆောင်ဖို့ Smart Lady မှ ဖိတ်ခေါ်လိုက်ရပါတယ်နော်။
Hair Color, Hair Rebound, Hair Highlight, Hair Digital Wave, Hair Rebounding, စတဲ့ Service တွေအပြင် ခြေသည်း၊ လက်သည်း အလှပြုပြင်စရာ လေးတွေလည်း တစ်နေရာထဲမှာ စုံစုံလင်လင်ရှိတော့ အခုပဲ ကြွလှမ်းခဲ့ ကြဖို့ ဖိတ်ခေါ်ပါရစေနော်။