ဆံကေသာ လေးတွေကို ထိန်းသိမ်း ဖို့ဆိုရင်တော့ ဆံကေသာ အမျိုးအစား အလိုက် ကိုယ်နဲ့ လိုက်ဖက်တဲ့ ဆံကေသာ ကုထုံးလေးတွေကို သိထား သင့်ပါတယ်နော်။ ဆံကေသာလေးတွေက အဆီပြန်နေမယ် (ဒါမှမဟုတ်) ခြောက်သွေ့ပျက်ဆီးနေမယ် ဆိုရင်တော့ ဆံကေသာအမျိုးအစား အလိုက် ထိန်းသိမ်းတဲ့ ဆေးလေးများ ကိုလည်း အသုံးပြုသင့်ပါတယ်။ သင့်ရဲ့ အဖိုးတန်လှတဲ့ ဆံကေသာလေးကို နေ့တိုင်း ခေါင်းလျှော်ဖို့တော့ မသင့်ပါဘူး။ နေ့တိုင်း လျှော်လိုက်မယ် ဆိုရင် ခေါင်းသားမှ အဆီများ ခမ်းခြောက် သွားနိုင်ပါတယ်။ အကယ်၍ သင့်ရဲ့ဆံကေသာလေး တွေဟာ အဆီပြန်တတ် တယ်ဆိုရင်တော့ Dry Shampoo လေးကိုအသုံးပြုသင့်ပါတယ်။ Shampoo လေးတွေ ဟာဆိုရင်လည်း ဦးရေပြားကျန်းမာမှု နှင့် သက်ဆိုင်နေ ပါတယ်။ ကျန်းမာလှတဲ့ ဆံကေသာလေး ကို […]